Signature Campaign For Genuine Peace

၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုခြင်းနှင့် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးလက်မှတ်များကို အွန်လိုင်းမှ လက်မှတ်ထိုးနိုင်ကြောင်း အသိပေးအပ်ပါတယ်..။

စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ထိုး လှုပ်ရှားမှု ကြေညာချက်

နေ့ စွဲ ။ ။ ဇွန်လ( ၁၉ )ရက် ၊ ၂၀၁၆

ကျွန်ုပ်တို့ မြန်မာပြည်တွင် နှစ်ပေါင်း ( ၆၀ ) ကျော်ကြာ ယနေ့ ထက်တိုင် ဖြစ်ပွားနေလျှက်ရှိသော ပြည်တွင်းစစ်ကြီးကြောင့် တိုင်းပြည်၏ စီးပွားရေး ၊ လူမှုရေး ၊ ကျမ္မာရေး ၊ ပညာရေးစသည့် အဖက် ဖက်မှ ချွတ်ခြုံကျကာ ဆင်းရဲတွင်းနက်နေရပေသည် ။

ထို့ ကြောင့် ကမ္ဘာ့အရှည်ကြာဆုံးသော မြန်မာနိုင်ငံအတွင်း ယနေ့ ထက်တိုင်အဆုံးမသတ်နိုင်ဘဲဖြစ် ပွားနေဆဲဖြစ်သော ပြည်တွင်းစစ်ကို အဆုံးသတ်စေရန် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးသည် တိုင်းပြည်၌ မရှိမဖြစ်လိုအပ်နေပေသည် ။

တိုင်းပြည်တွင် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန် တကယ်ဖေါ်ဆောင်နိုင်ရန်အတွက် တိုင်းပြည်တွင်းဖြစ်ပွါးနေလျှက်ရှိသော စစ်ပွဲများကိုရပ်ဆဲသွားရန် လက်ရှိအစိုးရမှ တတိုင်းပြည်လုံးအပစ်အခတ်ရပ်ဆဲကြောင်း ဦးစွာပဏာမကြေညာရန်လိုပေသည် ။

တဆက်တည်းမှာဘဲရင်ဆိုင်ကြုံတွေ့ နေရလျှက်သောလက်နက်ကိုင်ပဋိပက္ခများကို အမျိုးသားပြန် လည်သင့်မြတ်ရင်ကြားစေ့ရေးမူဖြင့် တွေ့ ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ လွန်မြောက်နိုင်ပေ လိမ့်မည်ဟုကျွန်ုပ်တို့ မှအခိုင်အမာယုံကြည်သည်။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်တွေ့ ဆုံဆွေးနွေးအဖြေရှာနိုင်မှသာလျှင်ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေသော အနာဂတ်ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းပြည်တွင် ဖြစ်ပေါ်လာနိုင်မည်ဟု အပြည့်အ၀ အခိုင်အမာယုံကြည်သည် ။

သို့ ဖြစ်ပါ၍ ၂၀၁၅ ရွေးကောက်မှ တိုင်းရင်းသားပြည်သူတရပ်လုံးမှ ရွေးချယ်တင်မြှောက် ပေးလိုက် သော ပြည်သူ့ အစိုးရမှကျင်းပပြုလုပ်မည့် ၂၁ရာစု ပင်လုံညီလာခံကြီးအားစစ်မှန်သည့်တိုင်းရင်းသား ပြည်သူတရပ်လုံးပါဝင်သည့် ၂၁ရာစုပင်လုံညီလာခံကြီးပေါ်ထွန်းလာမှာဖြစ်သလို တိုင်းပြည်၌ရင်ဆိုင် ကြုံ တွေ့ နေရသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ကာ ကမ္ဘာ့အလယ်တွင် စီးပွားရေးဖွံ့ ဖြိုး တိုး တက်သော ခေတ်မီနိုင်ငံတခုအဖြစ်ရပ်တည်နိုင်မည်ဟု အပြည့်အ၀ယုံကြည်သည် ။

ထို့ ကြောင့်အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးကို အခြေခံသည့် ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြောင်း စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်လက်မှတ် ရေးထိုးကြစေလိုပါသည်။ စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ထိုးလှုပ်ရှားမှုမှ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူလူထု လူတန်းစားပေါင်းစုံ၏ လက်မှတ်များကို ဇွန်လ ( ၁၉ )ရက် ၂၀၁၆ ခုနှစ် မှ သြဂုတ်လ ( ၁၉ )ရက် ၂၀၁၆ခုနှစ်ထိရက်ပေါင်း(၆၀)ကောက်ခံရယူသွားမှာဖြစ်ပါသည်။

ကျွန်ုတို့ အနေဖြင့်လည်း စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး နှင့် ( ၂၁ ) ရာစုပင်လုံညီလာခံအား ထောက် ခံကြိုဆိုသော လက်မှတ်ထိုး လှုပ်ရှားမှုကို ပြည်တွင်းပြည်ပမှ ပြည်သူလူထုများ၏ တောင်းဆိုမှုဖြင့် ၀န်းရံထောက်ခံခြင်းကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည် ။

ကျွန်ုပ်တို့ ကောက်ခံရရှိသည့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးနှင့် ( ၂၁ ) ရာစုပင်လုံညီလာခံကို အပြည့်အ၀ထောက်ခံကြောင်းဆန္ဒပြုလက်မှတ်များအားစုစည်းပြီး ပြည်သူ့ လွှတ်တော်သို့ တင်သွင်း သွားမှာ ဖြစ်သလို UN နှင့် နိုင်ငံတကာ အသီးသီးသို့ ပေးပို့ သွားမည်ဖြစ်ပါကြောင်းသိစေအပ်ပြီး ကျွန်ုပ်တို့ ၏ ပြည်တွင်းငြိမ်ချမ်းရေး လက်မှတ်ထိုးလှုပ်ရှားမှုအား လက်မှတ်ရေးထိုးခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးနက်စွာဖြင့် တိုက်တွန်းတောင်းခံအပ်ပါသည် ။

၂၁ရာစုပင်လုံညီလာခံဖေါ်ဆောင်ရေးသည် အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးပင်ဖြစ်သည်

စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၁ ရာစုပင်လုံညီလာခံပေါ်ထွန်းလာရေးသည်

တိုင်းရင်းသား ပြည်သူတရပ်လုံးတွင် တာဝန်ရှိသည်

စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကိုဖေါ်ဆောင်ဘို့  = စစ်ပွဲတွေကိုရပ်ကြစို့ 

( စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ထိုး လှုပ်ရှားမှု အင်အားစု )

ဆက်သွယ်ရန် peacecampaignburma@gmail.com

Signature Campaign For Genuine Peace
Date 19 June 2016
Burma is deteriorated in economic, social, health and education systems for over (60)years of civil war. One of the world's longest running civil war needs to be ended in Burma and people wants genuine peace.
Government must immediately declare countrywide ceasefire with all ethnic groups for genuine peace and reconciliation. We strongly believe that the process of political dialogue is complementary to find the best fit solution for reconciliation to the armed conflict.
We truly believe that comprehensive political dialogue is to achieve a practical and peaceful solution to problems and establish a federalism and democratic country.
The 21th century Pang long conference will be held by the people's government which was formed based on the 2015 election results in Burma.
Development can't take place without harmonizing a genuine peace, stability and reforms. Public participation in the process can be created genius peace that's why we would like to ask sincerely to sign and join for supporting the 21th century Pang long conference, which will be held to end long civil war for peace and reconciliation.
This Campaign will run from 19 June 2016 to 19 August 2016 for (60) days with the aim to widely circulate the call for genuine peace to collect the signatures of people from all walks of Burmese life.
All signatures for genuine peace will be sent to government, president, state counselor and international communities including the United Nations.
The 21th century Pang long conference will be held in country's genuine peace process and reconciliation. People have duties to perform with greater momentum for the 21th century Pang long conference.
STOP CTVIL WAR TO HAPPEN GENUINE PEACE
Genuine Peace Signature Campaign Group
Please contact: peace campaign <peacecampaignburma@gmail.com>

၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြိုဆိုခြင်းနှင့် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးလက်မှတ်များကို အွန်လိုင်းမှ လက်မှတ်ထိုးနိုင်ကြောင်း အသိပေးအပ်ပါတယ်..။


စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ထိုး လှုပ်ရှားမှု ကြေညာချက်


နေ့ စွဲ ။ ။ ဇွန်လ( ၁၉ )ရက် ၊ ၂၀၁၆


ကျွန်ုပ်တို့ မြန်မာပြည်တွင် နှစ်ပေါင်း ( ၆၀ ) ကျော်ကြာ ယနေ့ ထက်တိုင် ဖြစ်ပွားနေလျှက်ရှိသော ပြည်တွင်းစစ်ကြီးကြောင့် တိုင်းပြည်၏ စီးပွားရေး ၊ လူမှုရေး ၊ ကျမ္မာရေး ၊ ပညာရေးစသည့် အဖက် ဖက်မှ ချွတ်ခြုံကျကာ ဆင်းရဲတွင်းနက်နေရပေသည် ။


ထို့ ကြောင့် ကမ္ဘာ့အရှည်ကြာဆုံးသော မြန်မာနိုင်ငံအတွင်း ယနေ့ ထက်တိုင်အဆုံးမသတ်နိုင်ဘဲဖြစ် ပွားနေဆဲဖြစ်သော ပြည်တွင်းစစ်ကို အဆုံးသတ်စေရန် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးသည် တိုင်းပြည်၌ မရှိမဖြစ်လိုအပ်နေပေသည် ။


တိုင်းပြည်တွင် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အမှန် တကယ်ဖေါ်ဆောင်နိုင်ရန်အတွက် တိုင်းပြည်တွင်းဖြစ်ပွါးနေလျှက်ရှိသော စစ်ပွဲများကိုရပ်ဆဲသွားရန် လက်ရှိအစိုးရမှ တတိုင်းပြည်လုံးအပစ်အခတ်ရပ်ဆဲကြောင်း ဦးစွာပဏာမကြေညာရန်လိုပေသည် ။


တဆက်တည်းမှာဘဲရင်ဆိုင်ကြုံတွေ့ နေရလျှက်သောလက်နက်ကိုင်ပဋိပက္ခများကို အမျိုးသားပြန် လည်သင့်မြတ်ရင်ကြားစေ့ရေးမူဖြင့် တွေ့ ဆုံဆွေးနွေး အဖြေရှာခြင်းဖြင့်သာ လွန်မြောက်နိုင်ပေ လိမ့်မည်ဟုကျွန်ုပ်တို့ မှအခိုင်အမာယုံကြည်သည်။ နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းဖြင့်တွေ့ ဆုံဆွေးနွေးအဖြေရှာနိုင်မှသာလျှင်ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေသော အနာဂတ်ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသည် တိုင်းပြည်တွင် ဖြစ်ပေါ်လာနိုင်မည်ဟု အပြည့်အ၀ အခိုင်အမာယုံကြည်သည် ။


သို့ ဖြစ်ပါ၍ ၂၀၁၅ ရွေးကောက်မှ တိုင်းရင်းသားပြည်သူတရပ်လုံးမှ ရွေးချယ်တင်မြှောက် ပေးလိုက် သော ပြည်သူ့ အစိုးရမှကျင်းပပြုလုပ်မည့် ၂၁ရာစု ပင်လုံညီလာခံကြီးအားစစ်မှန်သည့်တိုင်းရင်းသား ပြည်သူတရပ်လုံးပါဝင်သည့် ၂၁ရာစုပင်လုံညီလာခံကြီးပေါ်ထွန်းလာမှာဖြစ်သလို တိုင်းပြည်၌ရင်ဆိုင် ကြုံ တွေ့ နေရသော နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ကာ ကမ္ဘာ့အလယ်တွင် စီးပွားရေးဖွံ့ ဖြိုး တိုး တက်သော ခေတ်မီနိုင်ငံတခုအဖြစ်ရပ်တည်နိုင်မည်ဟု အပြည့်အ၀ယုံကြည်သည် ။


ထို့ ကြောင့်အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးကို အခြေခံသည့် ၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံကြောင်း စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်လက်မှတ် ရေးထိုးကြစေလိုပါသည်။ စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ထိုးလှုပ်ရှားမှုမှ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူလူထု လူတန်းစားပေါင်းစုံ၏ လက်မှတ်များကို ဇွန်လ ( ၁၉ )ရက် ၂၀၁၆ ခုနှစ် မှ သြဂုတ်လ ( ၁၉ )ရက် ၂၀၁၆ခုနှစ်ထိရက်ပေါင်း(၆၀)ကောက်ခံရယူသွားမှာဖြစ်ပါသည်။ ကျွန်ုပ်တို့ ကောက်ခံရရှိသည့် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးနှင့် ( ၂၁ ) ရာစုပင်လုံညီလာခံကို အပြည့်အ၀ထောက်ခံကြောင်းဆန္ဒပြုလက်မှတ်များအားစုစည်းပြီး ပြည်သူ့ လွှတ်တော်သို့ တင်သွင်း သွားမှာ ဖြစ်သလို UN နှင့် နိုင်ငံတကာ အသီးသီးသို့ ပေးပို့ သွားမည်ဖြစ်ပါကြောင်းသိစေအပ်ပြီး ကျွန်ုပ်တို့ ၏ ပြည်တွင်းငြိမ်ချမ်းရေး လက်မှတ်ထိုးလှုပ်ရှားမှုအား လက်မှတ်ရေးထိုးခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် လေးနက်စွာဖြင့် တိုက်တွန်းတောင်းခံအပ်ပါသည် ။


၂၁ရာစုပင်လုံညီလာခံဖေါ်ဆောင်ရေးသည် အမျိုးသားပြန်လည်သင့်မြတ် ရင်ကြားစေ့ရေးပင်ဖြစ်သည်


စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၁ ရာစုပင်လုံညီလာခံပေါ်ထွန်းလာရေးသည်


တိုင်းရင်းသား ပြည်သူတရပ်လုံးတွင် တာဝန်ရှိသည်


စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကိုဖေါ်ဆောင်ဘို့  = စစ်ပွဲတွေကိုရပ်ကြစို့ 


( စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး လက်မှတ်ထိုး လှုပ်ရှားမှု အင်အားစု )


ဆက်သွယ်ရန် peacecampaignburma@gmail.com


Signature Campaign For Genuine Peace
Date 19 June 2016
Burma is deteriorated in economic, social, health and education systems for over (60)years of civil war. One of the world's longest running civil war needs to be ended in Burma and people wants genuine peace.
Government must immediately declare countrywide ceasefire with all ethnic groups for genuine peace and reconciliation. We strongly believe that the process of political dialogue is complementary to find the best fit solution for reconciliation to the armed conflict.
We truly believe that comprehensive political dialogue is to achieve a practical and peaceful solution to problems and establish a federalism and democratic country.
The 21th century Pang long conference will be held by the people's government which was formed based on the 2015 election results in Burma.
Development can't take place without harmonizing a genuine peace, stability and reforms. Public participation in the process can be created genius peace that's why we would like to ask sincerely to sign and join for supporting the 21th century Pang long conference, which will be held to end long civil war for peace and reconciliation.
This Campaign will run from 19 June 2016 to 19 August 2016 for (60) days with the aim to widely circulate the call for genuine peace to collect the signatures of people from all walks of Burmese life.
All signatures for genuine peace will be sent to government, president, state counselor and international communities including the United Nations.
The 21th century Pang long conference will be held in country's genuine peace process and reconciliation. People have duties to perform with greater momentum for the 21th century Pang long conference.
STOP CTVIL WAR TO HAPPEN GENUINE PEACE
Genuine Peace Signature Campaign Group
Please contact: peace campaign <peacecampaignburma@gmail.com>

Sign Petition
Sign Petition
You have JavaScript disabled. Without it, our site might not function properly.

Privacy Policy

By signing, you accept Care2's Terms of Service.
You can unsub at any time here.

Having problems signing this? Let us know.