we do not accept the newly appointed cabinet ministers appointed by the Commander-in-Chief Min Aung Hlaing.

    ဒီကနေ့ ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်ကနေ အသစ်ဖွဲ့စည်းခန့်အပ်လိုက်တယ်ဆိုတဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို လုံးဝလက်မခံပါဘူး။ ကျွန်​တော်/ကျွန်မတို့တင်မြောက်ထားတဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ရာထူးမှနှုတ်ထွက်စေချင်တယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်ထဲကနေပဲ အခြေခံဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်းသွားရမှာဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆိုရင် တတိယအကြိမ်လွှတ်တော်ခေါ်ပြီးတော့ အစိုးရအဖွဲ့သစ်ဖွဲ့စည်းပြီးမှပဲ လက်ရှိနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ရဲ့ရာထူးသက်တမ်းဟာ ကုန်လွန်မှာဖြစ်ပါတယ်။
    ကျွန်​တော်/ကျွန်မတို့မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံတော်သမ္မတကြီးဟာ ဦးဝင်းမြင့်ပဲဖြစ်ပါတယ်။
    သမ္မတကြီးဦးဝင်းမြင့်ရဲ့အမိန့်နဲ့မဟုတ်ဘဲနဲ့ အရေးပေါ်အခြေအနေကြေငြာခြင်း၊အာဏာလွှဲပြောင်းပေးခြင်းများဟာ လုံးဝတရားမဝင်ပါဘူး။
    ထပ်မံခန့်အပ်တဲ့အစိုးရအဖွဲ့ဆိုတာကို လုံးဝလက်မခံပါ။လုံးဝသဘောမတူပါ။
    ၂၀၂၀အထွေထွေရွေးကောက်ပွဲကရရှိတဲ့ မဲရလဒ်များအတိုင်း တတိယအကြိမ်လွှတ်တော်များကျင်းပပြုလုပ်ပေးပြီး အစိုးရအဖွဲ့သစ်ဖွဲ့စည်းခန့်အပ်တာကိုပဲ လက်ခံပါမယ်။ကာကွယ်ရေးဦးစီးချုပ် ဦးမင်းအောင်လှိုင်ရဲ့အမိန့်နဲ့ ခန့်အပ်တဲ့အစိုးရအဖွဲ့ဝင်တွေကို ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားပြည်သူတစ်ဦးအနေနဲ့ လုံးဝ လုံးဝလက်မခံ သဘောမတူပါဘူးလို့ ပြောချင်ပါတယ်။
    Today, we do not accept the newly appointed cabinet ministers appointed by the Commander-in-Chief Min Aung Hlaing. The current President of our country is U Win Myint. Declaring a state of emergency and handing over power without the order of President Win Myint is completely illegal. I do not accept the re-appointment of the government at all. I totally disagree. As results of the 2020 general election, we will hold the third session of parliament and accept the appointment of a new government.
    #westandagainstmilitarycoup
    petitie tekenen
    petitie tekenen
    Je hebt JavaScript uitgeschakeld. Hierdoor werkt onze website misschien niet goed.

    privacybeleid

    Door te tekenen accepteer je de servicevoorwaarden van Care2
    U kunt uw e-mail abonnementen op elk gewenst moment beheren.

    Lukt het niet om dit te tekenen? Laat het ons weten..